14.7.09

လင်နဲ့မယား

လင်နဲ့မယား
တေးဆို-ခိုင်ထူး
တေးရေး-ဂျေမောင်မောင်

လင်နဲ့မယား..........လျှာနဲ့သွား
လင်နဲ့မယား..........လျှာနဲ့သွား

အကြင်နာတွေ တစ်ယောက်နဲ့တစ်ယောက်မျှတမယ်ဆိုရင်
ငြိုငြင်စရာ တို့နှစ်ယောက်ကြားထဲ ဖြစ်ဖို့မမြင်ပါဘူး
စိတ်အခန့်မသင့်လို့ ကတောက်ကဆ စကားတွေ
နှုတ်နယ်ကျွံလာရင် အချိန်မလွန်ခင် စဉ်းစားကြစို့
တို့နှစ်ယောက် ဘယ်သူလွန်သလဲ။

တိုင်တိုင်ပင်ပင် မဆွေးနွေးပဲ ကျောခိုင်းနေမှာလား
အဖြေမှန်ဆိုတာ တို့နှစ်ယောက်ကြားထဲဝေးနေမှာပေါ့
မင်းအကြိုက်၊ ကိုယ့်အကြိုက် နှစ်ယောက်အကြိုက်လိုက်ရင်
တို့တတွေပျော်စရာ အိမ်သူရေ ကြားဖူးလား
ရှေးကလူတွေစကား.....
လင်နဲ့မယား လျှာ....နဲ့....သွား..
လင်နဲ့မယား လျှာ....နဲ့....သွား..


အခြေအနေဆိုတာ အဆင်းအတက် အနိမ့်အမြင့်လောက
မတည်ငြိမ်ဘူး။ မပြေလည်တာတွေ စဉ်းစားပြီးတော့
စိတ်ညစ်နေမယ့်အစား ဒုက်ခ၊သုက်ခ လောကပြသနာ
နှစ်ယောက်အတူ ရင်ဆိုင်မယ်၊ လူညီရင် ဘယ်လောက်ပဲ
ကြမ်းကြမ်း မှုစရာမလိုပါဘူး။လင်နဲ့မယား..........လျှာနဲ့သွား
ကြည်ကြည်ဖြူဖြူ ပေါင်းသင်းလို့နေလာတာကြာနေမှ
တော်ကြာရင် အမှိုက်စမို့ မီးလောင်ရင် မလွယ်ဘူး

လင်နဲ့မယား..........လျှာနဲ့သွား
လင်နဲ့မယား..........လျှာနဲ့သွား
ကြည်ကြည်ဖြူဖြူ ပေါင်းသင်းလို့ နေလာတာကြာနေမှ
မင်းနဲ့ကိုယ် တစ်ယောက်အကြောင်းတစ်ယောက်
သိနေပါပြီကွာ။

ပျော်စေ..ရီစေရန် မွန်မွန်ဂျယ်ရီရဲ့အမှတ်တရ
း)

Tom and jerryပုံတွေကို www.fanpop.comကယူထားပါတယ်

17 comments:

sin dan lar said...

ပုံတွေက မိုက်တယ်။ အမ်အမ်က ဂျယ်ရီလား၊ ဒါဆို............

Anonymous said...

Really Nice !!! I like it ur post .. so funny ..

KYAW

Anonymous said...

သီချင်းလေးပြန်နားထောင် လိုက်ရလို့ ကျေးဇူးပါ....

mie nge

Anonymous said...

မမွန်...
သီချင်းနားထောင်ကြည့်မှ သိပြီးသားသီချင်းလေးဖြစ်နေတယ်... ၇ှာရှာဖွေဖွေ အကုန်ရှိနေတယ် သီချင်းပေါင်းချုပ်လေးရေ....
လိုတာရှိရင် စီပုံးမှာ လာအော်မယ်နော်...။

sdl

သက်ဝေ said...

သီချင်းပေါင်းချုပ်လေး တဲ့..
ဟီဟိ.. ခေါ်ပုံက ချစ်စရာ...

မိုးကောင်းသူ said...

လင်နဲ့မယား.....လျှာနဲ့သွား သီချင်းလဲ နားထောင်သွားတယ်။ Tom & Jerry ကာတွန်းကတော့ ကြိုက်မှကြိုက်ပဲဗျို့။

khin oo may said...

တင်ပြပုံကလေးကောင်းတယ်။

Yu Wa Yi said...

လင်နဲ့ မယား၊ Tom & Jerry ပေါ့ မွန်မွန်။

မီယာ said...

ဘယ်သူ Jerry ဆိုတာ သိပြီးသား :P

Mae said...

သင်ခန်းစာလေးဖတ်သွားတယ်

ယောက်ျားမယူခင် မမွန်ကို ဆောင်ရန်ရှောင်ရန်တွေ လာမေးဦးမှပါ

မျက်မှန်လေး said...

ဟုတ်ပမမရေ...အဲဒီအတိုင်းဘဲ။

Anonymous said...

who is Jelly ?????
:P

Myatnoe

rose of sharon said...

Tom and Jerry နဲ့သရုပ်ဖော်ထားတာ သဘောကျတယ်

Shinlay said...

နောက်တခါ လျှာနဲ့ သွားလို ဖြစ်ရင်သတိရနေလိုက်မယ်။

မယ်ကိုး said...

မရေ ... စာနဲ့  သရုပ်ဖော်ပုံလေးက ချစ်ဖို့ ကောင်းလိုက်တာ။

Mogok Thar said...

လင်နဲ့မယား..........လျှာနဲ့သွား
စာလေးတွေနြ့ ပုံလေးတွေ ဖတ်ကြည့်ပီး ပြုံးရယ်ကာ အားငယ်မိပါတယ်။

လင်းဒီပ said...

ဒီသီချင်းလေး ခုမှ နားထောင်ဖူးပါတယ်။
ကျေးဇူးပါ အစ်မ