
ဟိုးလေးတကျော်သတင်းစာ ဟစ်တိုင်ကော်လံ
xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်မှ
အလွန်ပုပ်အဲ့သောအနံ့ဆိုးကြီးတစ်ခုသည် စနေနေ့မနက်တိုင်း
ထွက်ပေါ်လာပါသည်။ ထိုအနံ့များသည် ပတ်ဝန်းကျင်ရှိအိမ်များကို
သို့လောသို့လော အလန့်တကြား ဖြစ်စေသောကြောင့် တာဝန်ရှိသူများ
အနေနှင့် စစ်ဆေးပေးပါရန်။
ပုံ
ခပ်လန့်လန့်
-စစ်ဆေးတွေ့ရှိချက်အရ ထိုပုပ်အဲ့သောအနံ့ထွက်သော
အရာများသည် မြန်မာပြည်မှ လူအများစု စားသုံးသော
ငပိရည်ဖြစ်ပါကြောင်းနှင့် နောင်တွင် လူသူလေးပါးကင်းရှင်း
သောအချိန်တွင်သာ ချက်ပါရန် သတိပေးထားပါသည်။
တာဝန်ရှိသူ
xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်သည်
အလွန်ဆိုးရွားသော အနံ့ထွက်ပေါ်သော အရာများကို မီးရှို့နေပါသည်။
ပတ်ဝန်းကျင်ရှိအိမ်များ အနေနှင့် အနံ့ မခံနိုင်သောကြောင့်
တားမြစ်ပေးပါရန်။
ပုံ
စန်းစန်းတင့် နှာခေါင်း (sensitive)
-စစ်ဆေးတွေ့ရှိချက်အရ ထိုဆိုးရွားသောအနံ့ထွက်သော
ပေါ်စေသော အရာများသည် မြန်မာပြည်သားများအကြိုက်
ငပိဖြစ်ပါကြောင်းနှင့် နောင်တွင် လူသူလေးပါးကင်းရှင်း
သောအချိန်တွင်သာ မီးရှို့ပါရန် သတိပေးထားပါသည်။
တာဝန်ရှိသူ
xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်မှ
အမှိုက်ညစ်အမှိုက်ပုပ်နံ့များ၊သိုးနံ့ကဲ့သို့ အနံ့ပေါ်ထွက်လာပါသဖြင့်
ပတ်ဝန်းကျင်ရှိနေအိမ်များအတွက်ကျန်းမာရေးအတွက် စိုးရိမ်ရ
ပါသဖြင့် တာဝန်ရှိသူများအနေနှင့် စစ်ဆေးပေးပါရန်။
ပုံ
ကျန်းမာချင်သူ
-စစ်ဆေးတွေ့ရှိချက်အရ ထိုအမှိုက်နံ့သည် အမှန်စင်စစ်
ှမျှစ်ချဉ်ဟုခေါ်သော ၀ါးပင်နုများကို စွပ်ပြုတ်လုပ်နေခြင်း
နေခြင်းဖြစ်ကြောင်းနှင့် နောင်အခါတွင် အဖုံးကိုလုံအောင်
ပိတ်တည်ခြင်းနှင့် အနံ့အလွန်အကျွံမထွက်စေဖို့ ဂရုပြုရန်
သတိပေးထားပါကြောင်း။
တာဝန်ရှိသူ
xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်သည်
sewerပိုက်မလုံသည်ကို မပြုမပြင်နေသည်ဟု သံသယရှိပါသည်။
ထိုအိမ်ရှေ့သို့ ဖြတ်လျှောက်စဉ် အနံ့များစူးစူးဝါးဝါး ထွက်ပေါ်လာပါသည်။
တာဝန်ရှိသူများအနေနှင့် စစ်ဆေးသင့်ပါကြောင်း။
ပုံ
လေကောင်းလေသန့်ရလိုသူ။
-စစ်ဆေးတွေ့ရှိချက်အရ sewerပိုက်သည် အကောင်းပကတိ
ရှိနေပြီး ထိုအနံ့မှာဓညင်းသီးဟုခေါ်သော အသီးတစ်မျိုးကို
ဲပြုတ်ပြီး ဆူးပုတ်ရွက်ဟုခေါ်သော အရွက်တစ်မျိုးကို
ကြော်သည့် အနံ့ဖြစ်ပါကြောင်းနှင့် နောင်တွင် သတိထားရန်
သတိပေးပြီး ဖြစ်ပါကြောင်း။
တာဝန်ရှိသူ
xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်သည်
ဆေးခြောက်ဟု ထင်ရသော အရွက်များကို အထုပ်ကြီးငယ်များနှင့်
သယ်ယူ သိုလှောင်လျက်ရှိပါသည်။ တာဝန်ရှိသူများအနေနှင့် စစ်ဆေးသင့်ပါ
ကြောင်း။
ပုံ
မမူးဘူး။
-စစ်ဆေးတွေ့ရှိချက်အရ ထိုအရွက်များမှာ မြန်မာလူမျိုးများ အသဲစွဲ
ချဉ်ပေါင်ရွက်ဖြစ်ပါကြောင်း။
တာဝန်ရှိသူ။
အယ်ဒီတာမှ ပေးစာ။
နောင်တွင် xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်နှင့်
ပတ်သတ်သော အနံ့မျာအတွက့်  တိုင်ချက်များနေရာကို သီးသန့်စီစဉ်ထားပါကြောင်းနှင့်
သတင်းစာတွင် ဖော်ပြမည်မဟုတ်တော့ပါ။
ပုံ
အယ်ဒီတာ။
အဟဲ.တကယ်မဟုတ်ပါဘူး။ စိတ်ကူးနဲ့ လျှောက်ရေးထားတာပါ။
အသိတစ်ယောက်.. ရုံးထမင်းစားခန်းမှာမျှစ်ချဉ်သွားနွှေးမိလို့ ကွန်ပလိန်းတက်ခံထိပြီး
ငြင်းခုန်ရတဲ့အကြောင်းကို ကြားရတယ်။ သူကတော့ ခပ်စွာစွာပဲ။ ငါတို့အစားအစာ ငါတို့
စားတာကနေစပြီး ပြောလိုက်တာ လူအခွင့်အရေးတွေအကြောင်းနဲ့ပါ ကိုင်ပေါက်ပစ်လိုက်တယ်တဲ့။
လူနည်းတဲ့အချိန်မှာ နွှေးဖို့ အလုပ်ကလူတွေက တောင်းပန်တယ်တဲ့။ သူရန်တွေ့တဲ့အကြောင်းကို
ဟန်ပန်နဲ့ ပြန်ပြောတာရီလဲရီရတယ်။ အမှန်အတိုင်းပြောရရင် သူနည်းနည်းလွန်တယ်။ ကြိုက်တဲ့သူ
အမြင်နဲ့တောင် အဲဒီအနံ့က နည်းနည်းဆိုးသလားလို့ ။ကိုယ်တိုင်လဲ အဲဒါတွေကို ခြံထဲမှာ ချက်နေကြမို့
ဟင်းချက်တုန်းလူခေါ် bellသံကြားရင် တစ်ယောက်ယောက်များ လာအော်တာလား။ ဘယ်အချီများ
တိုင်ခံထိမလဲလို့ ရင်မ နေရတယ်၊ ကိုယ့်အိမ်ကိုယ်ယာပေမယ့် သူများရပ်၊သူများရွာမှာမို့ သူများမျက်နှာကို
ကြည့်ရတယ်။
21 comments:
မြန်မာတွေရဲ့ အကြိုက်ဆုံးအစားအစာတွေက
သူများတွေအတွက်တော့တော်တော်လေး
အနံ့ ဆိုးတယ်နော်...
သူတို့ မပြောနဲ့ အနော်တောင
် ဒညင်းသီးတို့ ဆူုးပုတ်တို့ အနံ့ မခံစားနိုင်ဘူး ဟိဟိ
ဗမာပီပီကြိုက်ချင်တယ် ဒါပေမယ့်ဘယ်လိုမှကြိုးစားမရဘူး
ဟိုအိမ်က စုပုပ်တောင် သတိရသွားပြီ ... သူက ခနခန ချဉ်ပေါင် ...ပဲပုပ်စားတယ် ... တခါတခါ ည ၁၀နာရီလောက် အလုပ်ကပြန်လာမှ လုပ်စားတော့ အောက်က ကွန်ပလိန်းတက်ရော .... သူက အောက်ထပ်တော့ ကြောက်တယ် .... အိမ်ကလူတွေတော့ မကြောက်တော့ ... သူကြော်လှော်ချက်ပြုတ်တိုင်း တအိမ်လုံး ပြူတင်းပေါက်တွေ ပိတ်လုပ်ပါလေရော ... အိမ်ကလူတွေ မွန်းပီး မသေတာ ကံကောင်း :P
ဟီးဟီး...ရီရတယ်နော်...
တယ်ဟုတ်ပါလား။ နေ့လည်စာ ထမင်းဘူးလေးနဲ့။ဂွတ်ရှယ်။
ရေမွှေးလည်း ကြိုက်တဲ့သူတွေ အတွက်ပဲ မွှေးတာ။
မျှစ်ဆိုတော့:)
မအယ်
မွန်ရေ..ရေးတတ်လိုက်တာ.. :D
မြန်မာအစားအစာတွေ စားရတာ တခါတလေတော့လည်း ကြိုက်ပေမယ့် သူများကို အားနာရတာမျိုးတွေ ရှိတယ်.. အမလည်း ရုံးထမင်းဘူးကို ပုဇွန်ခြောက်ကြော်လိုမျိုး၊ ၀က်မျှစ်ချဉ်လိုမျိုး ထည့်မိရင် ဟင်းမနွှေးရဲဘူး.. ဒါတောင် တချို့ အနံ့မခံနိုင်လို့ ကိုယ့်ရှေ့တင် သူတို့ cube ကို air fresher တွေ ထဖြန်းကြရော.. အကြိုက်တမျိုးစီဆိုတော့လည်း ကိုယ်က ဆင်ခြင်ရတာပေါ့နော်.. သူတို့စားတဲ့ တချို့အစားအစာတွေလည်း အနံ့ပျင်းတာပါပဲ... :( အိမ်မှာတော့ ကြိုက်သလို ကြော်လှော်ချက်ပြုတ်နေတာပဲ.. အတိုင်တော့ မခံရသေးဘူး.. :P
:D ...ရယ်လိုက်ရတာ မရယ်။
ရေးတတ်လိုက်တာ =)
ငါးပိထောင်းက အိမ်ကမှာတယ်။ ငါးပိရည်တော့ မကျိုဖူးဘူး။ ငံပြာရည်နဲ့ ဟင်းချက်တယ်။ မျှစ်ချဉ်လဲ ချက်တယ်။ မျှစ်ချဉ်ဝယ်မရရင် Tom yam pasteနဲ့ ချက်တယ်။ အခုထိတော့ အတိုင်အတော မရှိသေးပါဘူး။
တခါဘဲ အရင်အိမ်မှာတုန်းက အိမ်ကပို့ထားပေးတဲ့ ငါးခြောတ်ဖုတ်ကို oven toaster နဲ့ နွှေးလိုက်တာ မီးခိုးတွေ လှိုင်လှိုင်ထွက်လာလို့ တော်ကြာ မျက်နှာကျက်က fire alarmထမြည်ပြီး ရေတွေကျလာမှ ဟုတ်ပေ့ဖြစ်နေမယ်ဆိုပြီး ကြောက်အားလန့်အားနဲ့ ရှိသမျှ တခါးပေါက်တွေ အကုန်ဖွင့်၊ လေစုပ်ပန်ကာတွေဖွင့်၊ ရိုးရိုးပန်ကာလဲဖွင့်နဲ့ အတော်ပြာသွားတယ်။ သူများအခန်းတွေ အလုပ်က ပြန်မလာကြသေးတာဘဲ ကံကောင်းတယ် ပြောရမယ်။ အပေါ်ဆုံးအစွန်ခန်းဖြစ်တာရယ် ဘေးမှာ တိုက်အမြင့်မရှိတာရယ်ကြောင့် တော်သေးပေမယ့် အဲဒီကစပြီး ငါးခြောက်ဖုတ် မနွှေးရဲတော့ဘူး။ :D
ရေးတတ်လိုက်တာ မရယ်...။ :P
ဟုတ်တယ် မွန်ရေ..ကိုယ်ကြိုက်တာ သူများအတွက် အနှောင့်အယှက် မဖြစ်ရင် ကောင်းတာပေါ့ နော်။ သူတို့ရှေ့မှာ ဆင်ခြင်သင့်ပါတယ်။
ဒါပေမဲ့ အမတော့ သစ်သီးခြံရပ်ကွက်၊ ကုန်းမြင့်ရိပ်သာလမ်းက အိမ်ကိုတော့ လာလည်ဖို့ ဆုံးဖြတ်လိုက်ပြီ။
..
အနံ့ ...ကျမကိုဒုက္ခပေတာ ကြာပြီ။
တခါ အလုပ်မှာ ပဲပုပ်နွှေးစားမိပြီး ကတည်းက နောက်ဆို အိမ်မှာပဲ အားရပါးရ နံတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ပုံ
ပုံရိပ်
ရယ်ရတယ်...
ခုပဲ ငပိရည်ကျိုပြီးလို့ အနံ့အသက်ပျောက်အောင် မနည်း ကြံဆောင်နေရတာ..
ဒီဆောင်းအတွက် ဒီနေ့နောက်ဆုံးကျိုတာပါပဲ
ကိုယ်နေတော့ လှေကားထောင့်အောက်ဆုံး
ထပ်၊ တတိုက်လုံးက လူတွေအ၀င်ဖြတ်၊ အထွက်ဖြတ်
ခံနေရတဲ့၊ ကိုယ့်မီးဖိုချောင် ပြူတင်းပေါက်လေး၊ စဉ်းစားကြည့်ပါကွယ်။ ငါးပိရေကျိုပုလင်းကို ဗီယက်နမ်ဆိုင်က ၀ယ်တာ၂ခါရှိပြီ။ ပထမပုလင်းတုန်းက သတ္တိမပြောင်မြောက်ခဲ့လို့
ရက်လွန်သွားပြီး ၀ဲခဲ့ရတယ်။
ဒုတိယပုလင်းကလဲ ရေခဲသတ္တာထောင့်လေးမှာ အရှိန်ယူနေဆဲပဲ။ ဟိုတနေ့က သူငယ်ချင်းက ငါးပိကျော်ကို မနံအောင်နောက်ဆုံးမှ ငါးပိစိမ်းစားအရည်ဖျော်ထဲ့ပြီး အဖုံးချက်ချင်းအုပ်၊ ပြူတင်းတံခါးတွေဖွင့်၊ ပန်ကာဖွင့် အနံ့စုပ်စက်ဖွင့်ဆိုလို့ သူပြောသလိုအရဲစွန့်လိုက်
တာ၊ တိုက်စောင့်က ပြူတင်းဝမှာ လာကိုယ်ယောင်ပြသွားတယ်။ ဘာမှတော့မပြောသွားသေး
ဘူး..ဟီး သတိထားဆိုတဲ့ သဘောပဲနေမယ်နော်..
xxမြို့၊ သစ်သီးခြံရပ်ကွက်၊ကုန်းမြင့်ရိပ်သာလမ်းရှိ အိမ်တစ်အိမ်
...:))
ဟုတ်တယ်နော်..စားနေတုန်းသာ ကောင်းတာ..စားပြီးအနံ့စွဲကျန်ခဲ့တာတွေကတော်တော်ဆိုးပါတယ်..
မမွန် ဟီးဟီး။
မအယ်တို့ ကျောင်းတုန်းက ဆရာက လက် အပိုင်း သင်ရင်း ပြောပြတာ မမွန်ရ။ တတန်းလုံး ရီလိုက်ရတာ။
နောက် ဒီလို ရေးတော့ဘူး ဒိ့ထက် ညစ်ပတ်တာပဲ ရေးတော့မယ်။ :))))
မအယ်
ကိုယ့်ဘာသာကိုယ်ဆို ငပိရည် မစား၊ မျှစ်ချဉ် မစား၊ ဆူးပုတ်ရွက် မစား၊ ချဉ်ပေါင်ရွက်ကြော် မစား ....
ဟဟ..ဒညင်းသီးစားပြိး အိမ်သာသွားရဲဘူး
ဟီး၂..ဘာနံ့ကြီးလည်းဟ လို့တော့အပြောမခံနိုင်ဘူး
ဟီး၂
ကြက်သွန်ဖြူစားပြီး ကျောင်းသွားပါလား
Post a Comment