ပြန်ဖတ်ကြည့်တော့ ပြုံးမိတယ်။
ညီမတစ်ယောက်ရဲ့ statusမှာ တင်ထားတဲ့ စာသားလေးကို
ဖတ်မိတုန်းက အမှုမှတ်မဲ့ပဲ။
သဘောကျတယ်ဆိုရုံလောက်ပဲ။
သူကပြောတယ် အဲဒါ.. နာမည်ကြီး
စာရေးဆရာတစ်ယောက်ရဲ့စာကို
ဂျူးဘာသာပြန် ထားတာတဲ့။
ဘ၀နဲ့ငါ အပြန်အလှန် ကျေအေး လိုက်ပြီတဲ့။
အခု..အဲဒီစာသားလေး ဖြတ်ကနဲ ခေါင်းထဲရောက်လာတယ်။
ဘ၀ဆိုတာမှာ ကိုယ်ရယ်၊ ကိုယ်နဲ့ပတ်သတ်တဲ့ လူ၊သက်ရှိ
အားလုံးအကုန်ပါပါတယ်။ ကိုယ်စိတ်တိုင်းကျမဖြစ်တာ၊ ကိုယ်လိုချင်တဲ့ပုံ
မဖြစ်လို့ သူများကို စိတ်တိုရတာတွေ အားလုံးကို..လျော့ချလိုက်ပြီ။
ကိုယ်ဖြစ်ချင်တဲ့ဘ၀အတွက် ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။
အသုံးမကျခဲ့လေခြင်းလို့ကိုယ့်ကိုကိုယ် အပြစ်မတင်တော့ပါဘူး။
ရှေ့ဆက်ပြီးပဲ...ကြိုးစားတော့မယ်။
ကိုယ်နဲ့ အဆင်မပြေသော..ကိုယ့်အပေါ်မကောင်းသော သူများကိုလည်း
ကျေအေးလိုက်ပါတယ်။ ကိုယ့်ကိုလည်း ပြန်ကျေအေးနိုင်ပါစေ..။
ကိုယ်သဘောအတိုင်းမဖြစ်ပဲ သူ့သဘော သူဆောင်..နေလဲ...
ဒီနေ့က စပြီး ဘ၀နဲ့ငါ ကျေအေးလိုက်ပါတယ်။
ဘ၀နဲ့ ငါ တစ်ယောက်ကို တစ်ယောက် ကျေအေးလိုက်ပြီ။
အပြန်အလှန် ဒုက္ခပေးစရာ မလို၊ အပြန်အလှန် အပြစ်တင်စရာမလို၊
တစ်ယောက်ကို တစ်ယောက် နာကျင်စေဖို့လည်း မလိုတော့၊
-rm,maumhAfpuD-
(ဘာသာပြန်သူ ဂျူး)
0 comments:
Post a Comment