April 8, 2013

ဆိုးသူ



စိုးသူခေတ်စားနေတုန်း ဒီက ဆိုးသူအကြောင်း ပြောရအုံးမယ်။
လက်သည်းကို ဘာမှ ဆိုးလေ့မရှိဘူး။ လက်သည်းရှည်လဲ
မထားဘူး။ အလုပ်သဘောအရလည်း အဆင်မပြေဘူးလေ။
ပွဲလမ်း သွားစရာရှိရင်တောင် တစ်ခါတစ်လေ စိတ်ကူးပေါက်မှ ဆိုးဖြစ်တယ်။
သဘာဝ လက်သည်းအရောင်ကိုပဲ သဘောကျတယ်။ သံပုရာသီးနဲ့
ပွတ်ပေးတာမျိုး တစ်ပတ်တစ်ခါ လုပ်တယ်။ အဲလိုလုပ်ပေးရင်
လက်သည်းခွံမာပြီး အရောင်ကြည်လင်တယ် ထင်လို့။ လက်သည်း
နီဆိုးပါများရင် လက်သည်းဝါ လာတမျိုးလဲ မြင်ဖူးတော့ မဆိုးချင်ဘူး။

 ခြေသည်းကို အရှည် မထားပေမယ့် ခြေသည်းနီ အမြဲဆိုးတယ်။
 ခြေထောက်က ညစ်ပတ်လွယ်တော့ ခြေသည်းကို အမြဲ
သဘာဝအရောင် တောက်ပနေအောင်လုပ်လို့ မလွယ်ဘူး။ ငယ်ငယ်
တုန်းကတော့ ခြေသည်းမှာ နည်းနည်းလေး ပေတာနဲ့ တစ်ရှုးလေးနဲ့
သုတ်နဲ့... အလုပ်မရှိ အလုပ်ရှာဖြစ်တယ်။ ခုနောက်ပိုင်း အဲလို
သံသရာရှည်ဖို့ မအားတော့ဘူး။ ရေချိုးတဲ့အခါ၊ခြေသည်းညှပ်
တဲ့ အခါမှပဲ ဂရုစိုက်ဖြစ်တော့တယ်။ ဒါကြောင့်  ခြေသည်းလေး ဆိုးထားမှ
 ခြေထောက်လေးက သန့်နေတယ် သလားလို့။ ငွေဖြုန်းချင်
စိတ်ပေါက်တဲ့အခါ ဆိုင်မှာ သွားဆိုးတယ်။ ပုံမှန်ကတော့
ကိုယ့်လက်ရာပဲပေါ့။ 

ဟိုတလောက ခြေဖနောင့်တွေ ကွဲလို့ ဆိုင်မှာ foot treatmentသွား
လုပ်တယ်။ ဖယောင်းကပ်တာလဲ ပါတယ်။ lotionအေးအေးတွေ
ခြေထောက်ပေါ် ဘတ်ကနဲ ဘတ်ကနဲ ပုံပြီး လူးတာလဲ ပါရဲ့။
နောက်တော့ မထူးပါဘူးဆို ခြေသည်းပါ ဆိုးဖြစ်သွားတယ်။
ဒီတင်မရပ်ဘူး။ ဆိုင်ကပြတဲ့ အလွန်လှပတဲ့ acrylic full set
နမူနာလေးတွေ တွေ့ပြီး လက်သည်းပါ ဆိုးချင်လာရော။
လက်သည်းပေါ်မှာ လက်သည်းတပ်ပြီး ဆိုးလိုက်တော့
လက်သည်းရှည်လေးနဲ့ ဒီဇိုင်းဆန်းဆန်းဖော်ထားတာ
နဲ့ဆို လှသယောင်ယောင်နဲ့ပေါ့။ ကျေနပ်လို့။

အဆင်မပြေတာတော့ လက်သည်းတု မကပ်ခင်
လက်သည်းကို ကျောက်စက် ခေါ်မလား တံစည်းလို
စက် အသေးစားလေးနဲ့စားတာ အတော်နာတယ်။
သူများတွေတော့ဘယ်လိုများနေလဲ မသိ။
အိမ်ရောက်တော့ လက်သည်းတွေ နာလွန်းလို့
 ရေနွေးပူစိမ်လိုက်မှ သက်သာတယ်။
အဲဒီလက်သည်းရှည် လှနေတုန်း ရှိသေးတယ်
မေ့ထားတဲ့ အကြောင်းအရာက ပေါ်လာတယ်။
 အလုပ်လုပ်ရတာ အဲဒီလက်သည်းရှည်ကြီးတွေနဲ့
တယ် အဆင်မပြေဘူး။ ဒါနဲ့ပဲ တိုသွားအောင်
ညှပ်လိုက်ရတယ်။ ပုံစံကတော့ နည်းနည်းပဲ့သွား
ပေါ့။ အရှည်လေးနဲ့မှ  ပုံပေါ်ပြီး လှတာကိုး။

တဖြည်းဖြည်း ဆိုးထားတာတွေ လွင့်လာတော့
ပြန်ပြီး ဖျက်ဖို့ ဆိုင်ပြန်သွားရတယ်။ ဆိုးတုန်းကလဲ
မသက်သာ ပြန်ဖျက်တော့ ပိုဆိုးတာပဲ။ လက်သည်း
ဖျက်ဆေး ခပ်နွေးနွေးထဲမှာ ၄၅မိနစ် စိမ်လဲမပျက်ဘူး။
၁နာရီကျော် အဲဒီခွက်ထဲ လက်ထည့်ထားရတာ
ပဲကြီးရေခွံတောင် ထတယ်။ နောက်တော့ ကျောက်စက်
နဲ့စားတာ အတော်နာပြန်တယ်။ လက်သည်းတွေက
မညီညာတော့ဘူး အပေါ်ယံမှာ အထစ်ထစ်တွေ ဖြစ်လာတယ်။

အကျိုးဆက်က အခု လက်သည်းတွေ ကျိုးလွယ်တယ်။
ပါးလာတယ်။အရင်က အတော်ကို မာတဲ့ လက်သည်းတွေက
နည်းနည်းလေးရှည်တာနဲ့ ပဲ့ကုန်တာ သိသိသာသာပဲ။ သူများ
တွေဆိုးတာ ဘာသံမှမထွက်ပဲ ကိုယ့်မှသာ အတော်
အဆင်မပြေဘူး။ ရှည်မိတဲ့အပြစ်ပဲ။ နောက်ဆို လက်သည်း
ဆိုးမယ်ဆို.. ပုံမှန်ပဲ ဆိုးပါတော့မယ်လို့ တွေးမိတယ်။

0 comments:

Post a Comment